တစ်နေ့ ရွာထဲမှ ဒါယိကာမတစ်ဦးသည် ဆရာတော်ကျောင်းသို့ဆွမ်းချိုင့်လာပို့စဉ် ကျောင်းထိုင်ဆရာတော်နှင့် ထွေရာလေးပါး စကားများပြောနေကြလေ၏။
``စီးပွားရေးလုပ်ရတာ အဆင်ပြေကြရဲ့လားကွဲ့´´
``တင်းပါ့ မဆိုးပါဘူးဘုရား´´
``အေး အေး သမ္မာအာဇီဝကျကျ ကြိုးစားကွဲ့ ၊ ကြားလား´´
``တင်းပါ့ဘုရား ၊ အတတ်နိုင်ဆုံးကြိုးစားနေပါတယ်ဘုရား´´
``သာဓုကွယ် သာဓု သာဓု´´
``ဒါနဲ့ ဒကာမကြီးသားလေးရော ၊ အလုပ်တွေကို လက်လွှဲလို့ရပြီလား´´
``မထင်ပါနဲ့ဘုရား ၊ အိမ်ကအလုပ်တွေဝါသနာမပါဘူး ၊ အရင်းနှီးထုပ်ပေးပါဆိုလို့ ပေးလိုက်မိတယ် ဘုရား ၊ အကုန်သုံးဖြုံးပြီး ပြန်ရောက်လာတာဘဲ ဆရာတော် ၊ တစ်ခါမက နှစ်ခါမက ဆိုတော့ တပည့်တော်ကတော့ လန့်တောင်လာပြီဘုရား´´
``အင်း လောကမှာလူနှစ်မျိုးရှိတယ် ဒကာမကြီး ´´
``တင်းပါ့ အမိန့်ရှိပါ ဘုရား´´
မြင်းခွာရွက်နဲ့တူတဲ့လူက တစ်မျိုး ၊ နောက်ဗူးပင်နဲ့တူတဲ့လူကတစ်မျိုး ပေါ့။
ဗူးပင်ဆိုတာ စင်ထိုးပေးရင် အပေါ်ကိုတက်တယ်လေ ၊ အေး မြင်းခွာရွက်ကတော့ စင်ထိုးပေးလဲ မြေကြီးမှာဘဲ ကပ်နေတတ်တယ်။
လူဆိုတာကလဲ အဲသလိုမျိုးပေါ့ ဒကာမကြီးရယ် ။
``အော် တင်းပါ့ တင်းပါ့ ၊ တပည့်တော် သဘောပေါက်ပါပြီဘုရား ´´
No comments:
Post a Comment