Pages

Friday 9 December 2011

စေတနာနဲ့ပါ

   လူရယ်လို့ဖြစ်လာရင် လောကဓံတရားတွေနဲ့ ကြုံတွေ့ရတာဟာ သဘာဝပါဘဲ။
ဒီလိုဆို ချမ်းသာတာ ဆင်းရဲတာ ချီးမွမ်းတာ ကဲ့ရဲ့တာ - - -စသည် စသည်ပေါ့။  သိပ်အဆန်းတော့မဟုတ်ပါဘူး။
တကယ့်တကယ်တော့ အကဲ့ရဲ့ခံရတာ (ကိုယ့်ကို အပြစ်တင်ဝေဘန်ခံရတာ) ဟာကြောက်စရာမဟုတ်ပါဘူး။
ကိုယ်က သူများကိုကဲ့ရဲ့မိမှာကိုဘဲ ကြောက်ဖို့လိုတာပါ။
ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာကို မမေ့သင့်ဘူးနော်။
ဘာဖြစ်လို့လဲဆိုရင် ကိုယ်ပြစ်မှားမိလိုက်တဲ့သူဟာ ကိုယ့်ထက် သီလ သမာဓိ ပညာ စတဲ့တရားတွေ
သာလွန်နေတဲ့သူဆိုရင် သံသရာမှာ ကိုယ်ဘဲ ပိုပြီးနစ်နာသွားနိုင်တယ်လေ။
စေတနာနဲ့ပါ
လူဆိုတဲ့အမျိုးက ကိုယ့်ကိုထိပါးလာရင် ဟောင်တဲ့ခွေးကိုတောင် ခဲနဲ့မရမကလိုက်ပေါက်တတ်တာကိုး။
ဒါ့ကြောင့် ဒီစာလေးတင်လိုက်ရတာပါ။
လူအချင်းချင်း၊ အတင်းပြောခြင်း၊ ကင်းရှင်းကြပါစေ။





No comments:

Post a Comment