တစ်ခါက ကျောင်းထိုင်ဆရာတော်တစ်ပါးက ကျောင်းရှေ့မျက်နှာသာမှာ အမှိုက်များ လှည်းနေသောအချိန်တွင်
ထိုကျောင်းတွင်းရှိ ကိုယ်တော်လေးတစ်ပါးမှ လာပြီး -- -- -- --
`` ပေး ပေး ဆရာတော် တပည့်တော် လှည်းလိုက်ပါမယ်ဘုရား´´
ဆရာတော်က ထိုကိုယ်လေးမျက်နှာကို သေသေချာချာကြည့်ပြီး - -
``ဦးဇင်းလေး ၊ အခုမှ ဒီအမှိုက်တွေကိုမြင်တာလား´´
``မဟုတ်ပါဘုရား´´
``ဒါဆိုဘာလို့ အခုမှ လုပ်ချင်ရတာလဲ´´
``ဘုရား - - -တပည့်တော် - - အဲ - - ´´
``ဦးဇင်းလေး ၊ မှတ်ထားကွဲ့ ။ ကုသိုလ်ဆိုတာ ယူတတ်ရင်နေရာတိုင်းမှာရှိတယ်´´
``တင်းပါ့ ဘုရား´´
``မျက်နှာရချင်လို့ လုပ်တာဆိုရင် တစ်ခဏတာ အခွင့်ရေးတော့ ရကောင်းရလိမ့်မယ် ၊
အေး ကုသိုလ်ရချင်လို့လုပ်တာဆိုရင် သံသရာအတွက် ကောင်းတာပေါ့ - -နော်´´
``တင်းပါ့ဘုရား´´
``ရွေးချယ်မှုဆိုတာ တစ်ခဏတာခံစားဘို့ သက်သက်မဟုတ်သလို တစ်ခုတည်းသောအခွင့်လမ်းလို့ စွဲမထားနဲ့ကွ´´
``ရွေးချယ်မှုကောင်းလို့ တို့ဘုရားလောင်း ပါရမီတွေကောင်းခဲ့တာပေါ့´´
``ကြိုးစားကြပေါ့ကွာ´´
ထိုနောက်ဆရာတော်သည် လှည်းလက်စ တံမြက်စီးကို ဆက်လှည်းလျှက် - - - - - - - -
No comments:
Post a Comment